
-ကျွန်တော် ပျော်စရာတွေ ပြောပြတိုင်း ဟန်ဆောင်ပြီးပြုံးပြတတ်တဲ့သူတွေထက် အပြစ်ကင်းစွာ ရယ်မောတတ်လေ့ ရှိတဲ့ သူမကို ချစ်တယ်...
-အခြားသောမိန်းကလေးတွေနိုင်ငံခြားဖြစ် Make-up တွေ အပြိုင်အဆိုင်သုံးနေချိန်မှာ သနပ်ခါး ပါးပါးလေး အမြဲလိမ်းထားတတ်တဲ့ သူမကိုချစ်တယ်...
-အခြားသော မိန်းကေလးတွေ Hair Style တွေအမျိုးမျိုးပြောင်းနေတဲ့အချိန်မှာ ဖြစ်သလို ဆံပင်ပုံလေးနဲ့  အရမ်းချစ်ဖို့ ကောင်းတဲ့ သူမကို ချစ်တယ်...
-အခြားသောသူတွေ ဟန်ဆောင်ပြီး ဂရုစိုက်ပြတတ် ပေမယ့် တကယ်တမ်း နေမကောင်းဖြစ်တဲ့အချိန်မှာ တတွတ်တွတ် နဲ့ ဆူပူတတ်တဲ့ သူမကိုချစ်တယ်...
-အခြားသောမိန်းကလေးတွေ မကြိုက်မှန်းသိရင် ပိုပြီး ရွဲ့ ပြတတ်ပေမယ့် ကောင်မလေးတွေနဲ့ စကားပြောတိုင်းအူတိုပြီးကလေးလေးလို စိတ်ကောက်တတ်တဲ့သူမကိုချစ်တယ်
-ကျွန်တော် စိတ်ဘယ်လိုဆိုးဆိုး ဘယ်လိုအနိုင်ကျင့်ကျင့် နင်ပျော်ရင်ပြီးတာပဲလို့ ပြောတတ်တဲ့သူတွေထက် စိတ်ဆိုးတဲ့အခါတိုင်း မနေတတ်မထိုင်တတ် ပြာပြာသလဲ ချော့တတ်တဲ့ သူမကို ချစ်တယ်...
-ကျွန်တော် ဝမ်းနည်းတဲ့အချိန်တိုင်း အပေါ်ယံတွေ ပြောပြီး နှစ်သိမ့်ပေးတတ်တဲ့သူတွေထက် အကျိုးနဲ့ အကြောင်း ရှင်းပြပေးပြီး အမှားအမှန် နားလည်စေတတ်တဲ့ သူမကို ချစ်တယ်...
-ဖုန်းတွေ အချိန်တိုင်းဆက် အီစီကလီတွေ ရိုက်တတ်တဲ့ မိန်းကလေး တွေထက် တစ်ခါတစ်ရံမှဖုန်းဆက်တတ်ပြီး ပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့ သူမကိုချစ်တယ်...
-ဒီကောင်ကအရမ်းဆိုးတယ်... ဘယ်လိုဘယ်ညာအပုတ်ချတတ်တဲ့ သူတွေထက် အားလုံးကိုအကောင်းမြင်စေပြီး မျှော်လင့်ချက်တွေရှင်သန်လာအောင် လမ်းပြပေးတဲ့သူမကိုချစ်တယ် -အရင်တုန်းက အပျော်တွဲ 1 go 2 come ဘာလာလာ Down ပြီးလာတွဲတဲ့မိန်းကလေးတွေထက် တိတ်တိတ်ကလေး နောက်ကွယ်ကနေမသိအောင် ချစ်နေတတ်တဲ့ သူမကို ချစ်တယ်... မင်းရဲ့ နောက်ကွယ်က အကြောင်းတွေ ငါသိပ်မသိပါဘူး... မင်းဘယ်လိုတွေ ရူပ်ခဲ့လဲ ငါမသိပါဘူး... မင်း မိသားစု အသိုင်းအဝိုင်း ဘယ်လိုရှိမလဲ ငါမသိပါဘူး... မင်းဘယ်လို သူငယ်ချင်းတွေနဲ့ တွဲလဲ ငါမသိပါဘူး... ငါ ဘာတွေမှ မသိလိုက်ခင်မှာ ငါသိလိုက်တာ တစ်ခုက နင့် ကို အရမ်းလိုအပ်နေပြီဆိုတာကိုပါ... သေချာပါတယ်... " ငါ နင့်ကို အရမ်းချစ်တယ် " ♥
No comments:
Post a Comment